နတ်မောက်၊ ၁၈ ဇွန်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့တွင် ကန်ကြီးကန်အတွင်း ရေဝင်ရောက်နိုင်ရန် ရည်ရွယ်ပြီး မြို့မကွက်သစ်ရပ်ကွက်ရှိ မြစည်းခုံလမ်းဖြတ် ကွန်ကရစ်တံတား ဆောက်လုပ်ခြင်း လုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။
အဆိုပါ ကွန်ကရစ်တံတားကို နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၂၀-၂၀၂၁ ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ အထွေထွေပိုလျှံရန်ပုံငွေ (၄.၄) ကျပ်သန်းဖြင့် ဆောင်ရွက်ထားခြင်းဖြစ်ပြီး အလျားပေ ၄၀၊ အနံ ၄ ပေ၊ အမြင့် ၄ ပေ ရှိသည်။
နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များရှိ လမ်း/တံတားများအား မြို့အင်္ဂါရပ်များနှင့်အညီ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သင်းသင်းမြတ် (နတ်မောက်)


