နတ်မောက်၊ ၁၁ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ နိုင်ငံ့ရတနာဆရာတော် (မန္တလေး)၊ စင်ကာပူရောက် နတ်မောက်သူ နတ်မောက်သားများနှင့် နတ်မောက်ကွန်ရက် ပရဟိတလူမှုအကျိုးပြုအသင်းတို့ ပူးပေါင်းပြီး ဒီဇင်ဘာ ၁၀ ရက်က အထူးကြပ်မတ်ကုသဆောင်သုံး ခုတင်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများကို မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းစည်သူထံ လှူဒါန်းခဲ့ကြသည်။
ထိုသို့လှူဒါန်းရာတွင် အလှူရှင်များကိုယ်စား နတ်မောက်ကွန်ရက် ပရဟိတလူမှုအကျိူးပြုအသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အထူးကြပ်မတ်ကုသဆောင်သုံး ခုတင် နှစ်လုံး၊ PPE ဝတ်စုံ ၂၂ စုံ၊ N (95) Mask အခု ၁၂၀၊ Surgical Gowns ၇၇ ခုအား မြို့နယ်ကုသရေးဦးစီးမှူးထံ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
သင်းသင်းမြတ်


