နတ်မောက် ၊ ၃ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ဇန်နဝါရီ ၃ ရက် (ယနေ့) နံနက် ၉ နာရီက မြို့မဈေးရှိ ဈေးရောင်းဈေးဝယ်များ၊ ကားဂိတ်များ၊ လမ်းဆုံလမ်းခွများနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးသည်။
အဆိုပါ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်တွင် လွတ်လပ်ရေးကျောက်တိုင်၊ လွတ်လပ်ရေးသစ္စာအဓိဌာန်(၉)ချက်၊ လွတ်လပ်ရေးအသိ(ကဗျာ)၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်၊ အမျိုးသားညီညွတ်ရေးကိုအခြေခံ၊ ကာကွယ်စောင့်ရှောက် (လွတ်လပ်ရေးကြေညာစာတမ်း)၊ ညီညွတ်ရေးကို ဦးတည်ကြပါ၊ ပြည်ထောင်စုအမွေ အမြဲတည်တံ့စေဖို့ လွတ်လပ်ရေးကို ထိန်းသိမ်းကာကွယ်စို့၊ သွေးစည်းချစ်ကြည် လက်ချင်းဆက် လွတ်လပ်ရေးသည် ဒို့အသက် စသည့် နိုင်ငံတော်အကြီးအကဲများ၏ မိန့်ခွန်းကောက်နုတ်ချက်များနှင့် သရုပ်ပြကာတွန်းများပါဝင်၍ လက်ကမ်းစာစောင် (၄၅၀)အား ပြည်သူများလက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။
လှဝင်း(နတ်မောက်)


