နတ်မောက် ဖေဖော်ဝါရီ ၁၁

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဖေဖော်ဝါရီ ၁၀ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ သိရှိလေ့လာနိုင်စေရန်ရည်ရွယ်၍ ထုတ်ဝေခဲ့ပြီး သတင်းစကားလက်ကမ်းစာစောင်တွင် စည်းလုံးညီညွတ်မှုမှသည် ထာ၀ရငြိမ်းချမ်းရေးဆီသို့၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး  ဦးတည်ချက်များ၊ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်၊ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် နိုင်ငံတာ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ ၁၉၄၆ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ကျင်းပသော ဖ.ဆ.ပ.လ အဖွဲ့ချုပ်ကြီး၏ နိုင်ငံလုံးဆိုင်ရာညီလာခံတွင် ပြောကြားသော ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းမှကောက်နုတ်ချက်၊   ကဗျာနှင့် ကာတွန်းစသည့်အချက်များပါဝင်ပြီး  အခြေခံပညာရေး ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို  ဖြန့်ဝေပေးခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တက်ရောက်လာကြမည့် မြို့နေပြည်သူများ၊ ဌာနဆိုင်ရာများနှင့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

မူမူစန်း