နတ်မောက် ဇန်နဝါရီ ၂၇
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလတန်းအဆင့် ပန်းချီပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက် နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမတွင် ကျင်းပ ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ပန်းချီပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားသည်။ ထို့နောက် အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ (၂၇)ဦးတို့မှ “ညီညွတ်မှုဖြင့်ရှေ့သို့ချီ ပြည်ထောင်စုရဲ့ပန်းတိုင်ဆီ” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း(ပြန်/ဆက်)


