နတ်မောက် အောက်တိုဘာ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ယမန်နေ့က မိုးရွာသွန်းမှုများခြင်းကြောင့် နတ်မောက်မြို့အထွက် နတ်မောက်- မကွေး ကားလမ်းဘေးရှိ ဌာနဆိုင်ရာရုံးများအတွင်းသို့ ရေများဝင်ရောက်လျက်ရှိသည်။

မိုးရွာသွန်းမှုကြောင့် နတ်မောက်မြို့ အနောက်ဘက်ရှိ ကျေးလက်ထိန်းသိမ်းကန် ရေလျှံပြီး နတ်မောက်-မကွေး ကားလမ်းဘေးရှိ ဌာနဆိုင်ရာရုံးများဖြစ်သော မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၊ မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၊ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိရုံးနှင့် မြို့နယ်တရားရုံးများတွင် ရေဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ရေဝင်ခဲ့သော်လည်း ရုံးတွင်းရှိ စာရွက် စာတမ်းများ၊ အရေးကြီးသည့် ရုံးပစ္စည်းများ ပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)