နတ်မောက်   စက်တင်ဘာ  ၁၅

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး  ဆွေးနွေးပွဲ ( Talk Show) ကျင်းပခြင်းကို ယနေ့နံနက် (၁၀)နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့  ဆက်ဆံရေးဦးစီးဌာန ( Community Centre )ခန်းမတွင် ပြုလုပ်ခဲ့သည်။                                                                   

အဆိုပါဆွေးနွေးပွဲတွင် နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က ပန်းခင်းစီမံချက်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့်က ပန်းခင်းစီမံချက်အရ လုပ်ငန်းစဉ်(၄)ရပ်ကိုလည်းကောင်း၊ ပန်းခင်းစီမံချက်ဆောင် ရွက်ရမည့် ကာလအပိုင်းအခြားကို လည်းကောင်း၊ နိုင်ငံသား(၂)မျိုးရှိကြောင်းကိုလည်းကောင်း၊ ပန်းခင်းစီမံ ချက်အရ ပြည်သူလူထုသိရှိနိုင်ရန် လှုံ့ဆော်မှုများကိုလည်းကောင်း၊ ယခင်ပန်းခင်းစီမံချက်နှင့် ယခုပန်းခင်း စီမံချက်များ၏ ကွာခြားဆောင်ရွက်ပေးရမှုများကိုလည်းကောင်း၊ ပန်းခင်းစီမံချက်စတင်သည့် ၂၀၂၁ ခုနှစ် မေလ ၃ ရက်မှ ယနေ့အထိ နတ်မောက်မြို့နယ်ရပ်ကွက်/ကျေးရွာများရှိ ပြည်သူစုစုပေါင်း (၁၄၀၀)  အား နိုင်ငံသား စိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ခဲ့‌ေကြာင်းကိုလည်းကောင်း   ရှင်းလင်း ပြောကြားခဲ့သည်။

 

နတ်မောက်မြို့နယ်တွင် ပန်းခင်းစီမံချက်ကို ၂၀၂၁ ခုနှစ် မေ(၃)ရက်မှ ၂၀၂၂- ခုနှစ် နိုဝင်ဘာ (၃)ရက်နေ့အထိ  စီမံချက်ကာလ(၁၈)လအတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ဒေသခံ ပြည်သူများအား လက်ဝယ်အရောက်ရရှိစေရန်ရည်ရွယ်၍ ပိတ်ရက်မရှိအခမဲ့ဆောင်ရွက်ပေး ခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပံ့ပိုးကူညီမှု၊ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ပူးပေါင်း မှုများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

လှဝင်း(နတ်မောက်)