နတ်မောက်၊ ၂၈ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Sand Dam ဆည် ကျောက်ရိုးစီတမံ ဆောင်ရွက်နေမှုအား ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးခြင်းကို မကွေးတိုင်းဒေသကြီး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးအောင်နှင့် နတ်မောက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်တို့က Sand Dam ဆည် ကျောက်ရိုးစီတမံ (၁၀၀×၂၁၀)ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန Pilot အနေဖြင့် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ရာ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းသူရက လုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့သည်။

လှဝင်း(နတ်မောက်)