နတ်မောက် ၂၁ စက်တင်ဘာ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေး မရရှိသေးသော မသန်စွမ်းသူ(ထပ်တိုး)များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က နတ်မောက်မြို့ ရွှေပန်းတောကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း တို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးခဲ့ကြသည်။
ထိုသို့ပေးအပ်ရာတွင် ရွှေပန်းတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်စောနှင့် စာရေးဝန်ထမ်းတို့က ရွှေပန်းတောကျေးရွာရှိ မသန်စွမ်းသူ (၄)ဦးအား တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၃၀ဝ၀ဝ ကို အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့သည်။ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက် (၇) ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၇၃)အုပ်စုမှ ထောက်ပံ့ကြေး မရရှိသေးသည့် မသန်စွမ်းသူ(ထပ်တိုး)များ ၇၈၀ ဦးရှိပြီး တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၃၀ဝ၀ဝ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဥမ္မာခင်