နတ်မောက် ဒီဇင်ဘာ ၂
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အင်းကုန်းကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စားဖိုဆောင်သီးနှံ ကြက်သွန်နီ GAP နည်းစနစ်ဖြင့် စိုက်ပျိုးခြင်းကို ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ နည်းပညာပေး လက်တွေ့ပြသ စိုက်ပျိုးခဲ့သည်။
နတ်မောက်မြို့နယ်၏ ရာသီဥတုနှင့်ကိုက်ညီမှုရှိသည့် စားဖိုဆောင်သီးနှံကြက်သွန်နီများကို တစ်မြို့နယ်လုံးအတွက် အင်းကုန်းကျေးရွာတွင် ဧက(၂၀) စိုက်ပျိုးထားရှိကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးခြင်းဖြင့် ဆောင်းရာသီတွင် အာဟာရပြည့်ဝပြီး လွယ်လင့်တကူ စိုက်ပျိုးစားသောက်နိုင်ရန်၊ GAP နည်းစနစ်ဖြင့် တောင်သူများ လိုက်ပါစိုက်ပျိုးနိုင်ရန်၊ တစ်ပိုင်တစ်နိုင်စိုက်ပျိုးပါက မိသားစုအပိုဝင်ငွေရရှိနိုင်ကြောင်း စိုက်ပျိုးရေးတောင်သူများ လက်တွေ့သိရှိနိုင်စေရန် ယခုလိုတောင်သူအသိပညာပေး စိုက်ပျိုးရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။
သင်းသင်းမြတ်