နတ်မောက်၊ ၂၆ မေ
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အုတ်ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နတ်မောက်မြို့၊ ကန်ကြီးအောက်လမ်းရှိ အုတ်ရေမြောင်းအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၃၈ ဒသမ ၉၅၆ ဖြင့် အရှည် (၁၅၂၅)ပေ၊ အကျယ် (၃)ပေ၊ အနက် (၃)ပေ တည်ဆောက်ခြင်းလုပ်ငန်းနှင့် နတ်မောက်မြို့ မြစည်းကုန်လမ်း အုတ်ရေမြောင်းတည်ဆောက်ခြင်းကို ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်း ၃၇ ဒသမ ၅၇၃ ဖြင့် အရှည် (၁၀၄၅)ပေ၊ အကျယ် (၄)ပေ၊ အနက် (၄)ပေ တည်ဆောက်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
နတ်မောက်(ပြန်/ဆက်)


