နတ်မောက်၊ ၃၀ ဒီဇင်ဘာ 

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ပြည်သူများအားပွင့်လင်းမြင်သာစွာ ချပြရှင်းလင်းခြင်းကို ဒီဇင်ဘာ  ၂၉  ရက် နံနက်ပိုင်းက လုပ်ငန်းခွင်တည်နေရာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် ကျပ်သိန်း(၁၀၀)နှင့်အထက် လုပ်ငန်းများဖြစ်သော ပဒေသာလမ်း ကျောက်စီရေမြောင်းဆောက်လုပ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရပ်ကွက်နေပြည်သူများအား ပွင့်လင်းမြင်သာစွာ တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၊ တာ၀န်ခံအင်ဂျင်နီယာနှင့် စည်ပင်သာယာရေးကော်မတီ၀င်များ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် လမ်းဘေးဝဲ/ယာရှိ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။

 

အမှုဆောင်အရာရှိနှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ကျောက်စီရေမြောင်း ဆောက်လုပ်ခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်း၏ ခွင့်ပြုငွေ၊ အတိုင်းအတာ၊ ဆောက်လုပ်ရာတွင် သုံးစွဲမည့် လုပ်ငန်းသုံးပစ္စည်းများ၏ အမျိုးအစား၊ အရေအတွက်နှင့် အရည်အသွေးသတ်မှတ်ချက်များအား သိရှိနိုင်ရန် ရှင်းလင်းပြောကြားခြင်းနှင့် တက်ရောက်လာသူများမှ ဆွေးနွေးအကြံပြုချက်များအပေါ် ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။ အဆိုပါ ပဒေသာလမ်းကျောက်စီရေမြောင်း၏ အတိုင်းအတာမှာ (၆၂၀'x ၅' x ၅'') ရှိပြီး ကုန်ကျငွေမှာ ကျပ် (၃၈)သန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

 

လှဝင်း(နတ်မောက်)

 

mdn