နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ခရမ်းသီးများဈေးကောင်းရရှိ

နတ်မောက် ဇွန် ၁

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားသော ခရမ်းသီးပင်များ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍  မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

 

ကြူအိုင်ကျေးရွာက စိုက်ပျိုးရေးတောင်သူများဟာ တစ်နှစ်ပတ်လုံး မြေအောက်ရေအသုံးပြု၍ ခရမ်းသီးပင်နှင့် အခြားသီးပင်၊ စားပင်များကို စိုက်ပျိုးရောင်းချလျက်ရှိပါတယ်။ ကျွန်တော်တို့က ခရမ်းသီးပင်များကို စိုက်ပျိုးပြီး အချိန်(၂)လခန့် အကြာမှာ ထွက်ရှိလာတဲ့ ခရမ်းသီးတွေကို ခူးစွတ်ကာ  နတ်မောက်မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်တွေကို လှည့်လည်၍ တစ်ပိဿာ ၁၀၀ဝ ကျပ်နှုန်းနဲ့ ရောင်းချပါတယ်။ စိုက်ပျိုးထားတဲ့ ခရမ်းသီးအရှည်ပင်တွေကို ခြံအထိ လာရောက်ဝယ်ယူကြပြီး ခရမ်းသီးပင်ကို မိသားစု အပိုဝင်ငွေရရှိရေး၊ မီးဖိုချောင်သုံးစရိတ် ကာမိရေးအတွက် စိုက်ပျိုးခြင်းဖြစ်ပါတယ် ဟု တောင်သူ ဦးမောင်မောင်က ပြောသည်။

 

လှဝင်း (နတ်မောက် ပြန်/ဆက်)