နတ်မောက် ၁၂ ဇန်နဝါရီ
နတ်မောက်မြို့နယ် လေးအိမ်ကျေးရွာတွင် ယမန်နေ့နံနက် ၇ နာရီက ပုဂံ-ရန်ကုန် အမြန်ရထား (၆၁ အဆန် / ၆၂ အစုန်) ရပ်တန့်ခြင်းကို လေးအိမ်ဘူတာရုံတွင် အခမ်းအနားကျင်းပခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေနှင့် အလုပ်အမှုဆောင်အဖွဲ့များ၊ မြို့နယ်မီးရထားဌာနမှ တာဝန်ရှိသူများ၊ လေးအိမ်ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြသည်။
“ကျွန်တော်တို့ဒေသ လိုအပ်ချက်အရ လေးအိမ်ဘူတာသို့ အမြန်ရထား ရပ်တန့်နိုင်အောင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေက လွှတ်တော်မှာ မေးခွန်းမေးမြန်း တောင်းဆိုခဲ့တာကြောင့် ယခုလို ရထားရပ်တန့်ပေးရခြင်း ဖြစ်တာကြောင့် ခရီးသွားပြည်သူများနှင့်အတူ ကျွန်တော်လည်း အလွန်ပျော်ပါတယ်”ဟု လေးအိမ်ကျေးရွာနေ ပြည်သူတစ်ဦးက ဝမ်းသာပီတိစကား ပြောကြားခဲ့သည်။
လှဝင်း(နတ်မောက်)