နတ်မောက် စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) RCC (၃)ထပ် အဆောက်အဦ ဆောက်လုပ်နေမှုကို စက်တင်ဘာ ၁၂ ရက်နံနက်ပိုင်းက တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိနှင့် မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်မတီတို့က ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
လူထုအခြေပြုဗဟိုဌာန (Community Centre) RCC (၃)ထပ်အဆောက်အဦ (၆၀×၇၀) ပေ တည်ဆောက်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုခွင့်ပြုငွေ (၄၁၄.၀၁၀)ကျပ်သန်းဖြင့် တင်ဒါအောင်မြင်သော Moon & Space ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယနေ့အထိ(၇၂)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ လူထုအခြေပြုဗဟိုဌာန (Community Centre) RCC (၃)ထပ်အဆောက်အဦကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်း ပြီးစီးရေးကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး အဆောက်အဦ ဆောက်လုပ်ပြီးစီးပါက ဒေသခံပြည်သူများ အသုံးပြုနိုင်ရန်စီစဉ်ထားသည့် ပြခန်း၊ ကွန်ပျူတာသင်တန်းခန်းမ၊ ကလေးစာဖတ်ခန်း၊ စာကြည့်တိုက်၊ အားကစားခန်းမ၊ ဘက်စုံသုံးခန်းမနှင့် အစည်းအဝေးခန်းမတို့ကို ဖွင့်လှစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးထံမှ သိရသည်။
လှဝင်း


