နတ်မောက်  အောက်တိုဘာ ၁၈

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ မြို့နယ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီမှ ယူရီယား ဓာတ်မြေဩဇာများကို စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် စပါး၊ ဝါနှင့် ဆီထွက်သီးနှံ နေကြာစိုက်ပျိုးသည့် တောင်သူများအား သဘာ၀မြေဩဇာပြုလုပ်သည့် နည်းပညာများကို အသိပညာပေးခြင်း၊ နေကြာမျိုးစေ့ထုတ်ပေးခြင်းနှင့် ယူရီယားဓာတ်မြေဩဇာများကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံက သိရသည်။

 

(မြို့နယ် ပြန်/ဆက်)