နတ်မောက်၊   ၅   ဇန်နဝါရီ

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် မီးသတ်ဦးစီးဌာနသို့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး    ပစ္စည်းများ လှူဒါန်းခြင်းကို ဇန်နဝါရီ  ၄  ရက် နံနက် ၁၀ နာရီခန့်က မီးသတ်ဦးစီးဌာနရုံးတွင် ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

mdn

                                                                                                                       

အဆိုပါ လှူဒါန်းခြင်းတွင် မြို့မရပ်ကွက်မှ အလှူရှင် ဦးကျော်လွင်ဉီး-ဒေါ်ထွေးထွေးမော် မိသားစုက   မီးသတ် တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရန်အတွက် အသက်ရှူ ကိရိယာ(BA-Set) စက်တစ်လုံးကို လှူဒါန်းခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးဌေးမော်နှင့် တပ်ဖွဲ့ဝင်များက  လက်ခံရယူခဲ့ပြီး အလှူရှင်မိသားစုအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။

 

ပေးအပ်လှူဒါန်းပွဲသို့  မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမော်၊ ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ဝင်းနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

လှဝင်း(နတ်မောက်)