နတ်မောက် ဒီဇင်ဘာ ၂၁

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် ၇ နာရီကစတင်ပြီး ထုတ်ပေးလျက်ရှိသည်။

 

ထိုသို့ထုတ်ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေ လာရောက်ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စနစ်တကျရှိစေရန် သုံးပေအကွာစည်းမျဉ်းများ ပြုလုပ်ထားပေးခြင်း၊ လက်ဆေးဘေစင်များ ပြုလုပ်ထားပေးခြင်းများကို နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ စီစဉ်ဆောင်ရွက်ထားသည်။

 

ပင်စင်လစာငွေထုတ်ယူရာ၌ အဆင်ပြေစေရေးအတွက် ဒီဇင်ဘာ ၂၁ ရက်မှ ၂၉ ရက်အထိ နတ်မောက်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပင်စင်စားများအား နေ့စဉ် နံနက် ၇ နာရီမှ မွန်းလွဲ ၃ နာရီအထိ ထုတ်ပေးလျက်ရှိပြီး သတ်မှတ်ရက်များတွင် လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား ဇန်နဝါရီလဆန်းပိုင်းတွင် ဘဏ်လုပ်ငန်းချိန်အတွင်း၌ လာရောက်ထုတ်ယူနိုင်ကာ နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူသူ ၁၆၀၀ ဦးခန့်ရှိကြောင်း သိရသည်။

 

လှဝင်း (နတ်မောက်)