နတ်မောက် နို၀င်ဘာ ၈

 

နတ်မောက်မြို့နယ် န-လက်ခုပ်ပင်ကျေးရွာ အနောက်ဘက်ရှိ လက်ခုပ်ပင်အနောက်ကွင်း လယ်မြေများ၌ ကုလားပဲ သီးနှံများ စတင်စိုက်ပျိုးနေပြီဖြစ်ကြောင်း သိရသည်။

 

န-လက်ခုပ်ပင်အနောက်ကွင်းရှိ လယ်မြေများတွင် မုန်တိုင်းမိုးဖြင့် မြေအစိုဓာတ်ရရှိထား၍ လယ်သမားများအနေဖြင့် ကုလားပဲသီးနှံများကို ထွန်စက်ဖြင့်လည်းကောင်း၊ နွားထွန်းရှဉ်းဖြင့်လည်းကောင်း၊ ထယ်ရေးပြင်ထွန်ယက်ကာ ကုလားပဲ  သီးနှံများ စိုက်ပျိုးနေခြင်းဖြစ်ပြီး ကုလားပဲဖြူလုံးကြီး စိုက်ပျိုးကြသကဲ့သို့ ရွှေဝါလုံးလတ်၊ လုံးသေးကုလားပဲမျိုးများကို ဝယ်ယူစိုက်ပျိုးကြကြောင်း၊ ကုလားပဲဖြူလုံးကြီး တစ်ပြည်လျှင် ၅၅၀၀ ကျပ်နှုန်း၊ ရွှေဝါကုလားပဲမျိုး တစ်ပြည်လျှင်  ၅၀၀၀ ကျပ်နှုန်း ဝယ်ယူရကြောင်း တောင်သူ ဒေါ်မြဟန်က ပြောပြသည်။

 

မူမူစန်း