နတ်မောက်၊ ၁၄ ဇွန်
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်၊ န/လက္ခုပ္ပင်ကျေးရွာတွင် ဇွန်လ ၁၃ ရက် မွန်းလွဲ ၂ နာရီခန့်က လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်လျှပ်စစ်မှူးဦးခင်မောင်စိုးက အများပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးအတွက် အရည်အသွေးပြည့်မှီသည့် လျှပ်စစ်ပစ္စည်းများသုံးစွဲကြရန်၊ တာဝန်မရှိဘဲ လျှပ်စစ်ဓာတ်အားလိုင်းများ ကိုင်တွယ်ခြင်း ပြုပြင်ခြင်းများမပြုလုပ်ကြရန်၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ သုံးစွဲရာတွင် မြေစိုက်ကြိုးအပ်ချခြင်း၊ (RCBO Breaker)တပ်ဆင်အသုံးပြုရန် လျှပ်စစ်အန္တရာယ် ကျရောက်သည်ဟု သိရှိရပါက သက်ဆိုင်ရာ လျှပ်စစ်ရုံး၊ ကျေးရွာမီးလင်းရေးကော်မတီများထံ အကြောင်ကြားရန် စသည့် လိုက်နာဆောင်ရွက်ရန် အချက်များကို တက်ရောက်လာသည့် ကျေးရွားသူ/ကျေးရွာသားများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လျှပ်စစ်မှူးရုံးမှ ဝန်ထမ်းများက တက်ရောက်လာသူများအား လက်ကမ်းစာစောင် (၂၅၀) ဖြန့်ဝေပေးခြင်း၊ အသိပညာပေးဗီနိုင်း ပိုစတာများ စိုက်ထူဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်းသင်းမြတ်( နတ်မောက်ပြန်/ဆက်)


