နတ်မောက် ဧပြီ ၁၀

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပေါက်ကန်ကျေးရွာရှိ ကျောင်းသားကျောင်းသူများ အဆင်ပြေစွာ ပညာသင်ကြားနိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်များဖြင့် ပညာရေးဝန်ကြီးဌာနမှ RCတစ်ထပ်ကျောင်းဆောင်သစ်ဆောက်လုပ်လျက်ရှိရာ ၇၅ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။

 

ပေါက်ကန်ကျေးရွာ  အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ရှိသော အန္တရာယ်ရှိ ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်း၍ ကျောင်းဆောင်သစ်တည်ဆောက်ခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေမှ ခွင့်ပြုငွေကျပ် ၇၈ ဒဿမ ၉၇၅ သန်းဖြင့် တင်ဒါအောင်မြင်သော ATTကုမ္ပဏီက တာဝန်ယူ ဆောက်လုပ် လျက်ရှိသည်။ အဆိုပါ ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းအား စံချိန်စံညွန်းနှင့်အညီ သတ်မှတ်ကာလ အတွင်း ရာနှုန်းပြည့်ပြီးစီးရေးကို ကျေးရွာအရည်အသွေးစစ်ဆေးရေးကော်မတီ၊ ကျေးရွာ ကျောင်းအကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

 

လှဝင်း