နတ်မောက်၊ ၁၂ ဒီဇင်ဘာ
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဦးရွှေကြိုင်နှင့် ဒေါ်သောင်းသောင်း (ရွှေညောင်ပင်ရောင်းဝယ်ရေး) မိသားစု မန္တလေးမြို့မှ ခွဲစိတ်ခန်းသုံး ပစ္စည်းများကို ဒီဇင်ဘာ ၁၁ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံးကြီး ခွဲစိတ်ခန်းတွင် အသုံးပြုနိုင်ရန်အတွက် စုစုပေါင်း ငွေကျပ် (၁၀) သိန်းတန်ဖိုးရှိ ခွဲစိတ်ခန်းသုံး ပစ္စည်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းစည်သူထံ လှူဒါန်းရာ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
လှဝင်း(နတ်မောက်)


