နတ်မောက်၊ ၆ ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် (၂၀၂၀) မိုးရာသီ တွင် တည်ထောင်စိုက်ပျိုးခဲ့သည့် ကျေးရွာထင်းစိုက်ခင်း ဧက (၂၀)အား အကျိုးပြုကျေးရွာဖြစ်သော  ယာပြင် ကျေးရွာသို့ လွှဲပြောင်းပေးအပ်ခြင်းကို ဇန်နဝါရီ  ၅  ရက် နံနက်ပိုင်းက စိုက်ခင်းစခန်း ရှင်းလင်းဆောင်တွင် ကျင်းပခဲ့သည်။

အဆိုပါ ထင်းစိုက်ခင်းလွှဲပြောင်းပေးအပ်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းရွှေက အမှာစကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူး ဦးသက်ဝေအောင်က  ကျေးရွာများအတွက် ထင်းစိုက်ခင်းများစိုက်ပျိုးရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်  မြို့နယ်သစ်တောဦးစီးဌာန ဦးစီးမှူးတို့မှ ယာပြင်ကျေးရွာ အုပ်ချုပ်ရေးတာဝန်ခံ ဦးဖြိုးမောင်အား ကျေးရွာထင်းစိုက်ခင်း ဧက (၂၀) ကို တက်ရောက်လာကြသည့် ပြည်သူများ ရှေ့တွင် လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။

လှဝင်း(နတ်မောက်)