နတ်မောက်၊ ၃ ဇွန်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ရေထွက်ကျေးရွာအုပ်စု ဉသျစ်ကုန်းကျေးရွာသို့ ဇွန် ၂ ရက် နံနက် ၁၀ နာရီက သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့ သောက်သုံးရေများ လှူဒါန်းရာတွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၊ ကြာနီကန်ရပ်ကွက်ရှိ အလှူရှင် ဒေါ်ခင်အေးမိသားစု၏ လှူဒါန်းမှုဖြင့် နတ်မောက်မြို့နယ် စိတ်ဓာတ်ဖြူစင် ကရုဏာရှင် လူမှုကူညီရေးအသင်းမှ  အလှူရှင်မိသားစုများကိုယ်စား ကမ္ဘောဇအနာဂတ်အလင်းတန်း ရေသည်ယာဉ်ဖြင့် ရေဂါလန် (၂၈၀၀)ဆံ့ကို ရေထွက်ကျေးရွာအုပ်စု၊ ဉသျစ်ကုန်းကျေးရွာရှိ ပြည်သူများထံသို့ သောက်သုံးရေများ သွားရောက်လှူဒါန်းပေးခဲ့သည်။

ယခုလို နွေရာသီမှာ ရေတွင်းရေကန်များ ခန်းခြောက်ပြီး  သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရသဖြင့် ကျေးလက်ဒေသနေပြည်သူများအတွက် သွားရောက်လှူဒါန်းပေးရခြင်းဖြစ်ကြောင်းနှင့် ဆက်လက်ပြီး အလှူရှင်များနှင့်ချိတ်ဆက်၍ သောက်သုံးရေ အခက်အခဲကြုံတွေ့နေရသည့် ကျေးရွာများကိုလည်း သွားရောက်လှူဒါန်း ပေးသွားမည်ဖြစ်ကြောင်း နတ်မောက်ကွန်ရက် ပရတိတလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမျိုးခိုင်ထံမှ သိရသည်။ 

သင်းသင်းဝေ (နတ်မောက် ပြန်/ဆက်)

mdn