နတ်မောက် ၁၃ ဇူလိုင်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ တိုင်းဒေသကြီး ဦးစီးမှူးအစီအစဉ် ဖြင့် မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်အတွက် ကွန်ပေါင်းဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက မြို့နယ်စိုက်ပျိုးရေး စီးဌာနရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကြည်မြင့်က ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ရေငံကျေးရွာ ၊ ကျောက်တန်းကျေးရွာများရှိ တောင်သူ (၅)ဦး ထံသို့ရွှေတောင် (၁၀)၊ ငွေချည်(၁၁) မျိုးကို မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ခင်း( ၈) ဧကအတွက် မြေဩဇာ(၈)အိတ်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)


