နတ်မောက် နိုဝင်ဘာ ၂၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာတွင် ပဲတီစိမ်းနှင့်နေကြာ သီးညှပ်စိုက် ပျိုးခြင်း စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်းပြီး တောင်သူဦးဝင်းနိုင်၏စိုက်ခင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပဲတီစိမ်းနှင့်နေကြာသီးညှပ် စံပြကွက်များစိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေးတောင်သူများ မိမိယာကွက် အတွင်းသီးနှံ (၂) မျိုးစိုက်ပျိုးနည်းစနစ်ကို သိရှိလိုက်နာစိုက်ပျိုးနိုင်ရန် (၁၀)ဧက စံပြကွက်စိုက်ပျိုးထားကြောင်း၊ အဆိုပါသီးနှံများအား စက်တင်ဘာနောက်ဆုံးပတ်တွင် စတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် စတင်ရိတ်သိမ်းလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။
သင်းသင်းမြတ်(နတ်မောက်)


