နတ်မောက်   အောက်တိုဘာ   ၂၇

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စု လူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် မေ ၃ ရက်မှစတင်ကာ ရပ်ကွက် ကျေးရွာများအရောက် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၂၆ ရက်အထိ အိမ်ထောင်စု လူဦးရေးစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြုလုပ်ပြီးစီးသူ ၂၁၄၉ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် နတ်မောက်မြို့နယ်အတွင်းရှိ  အိမ်ထောင်စု လူဦးရေစာရင်းပြုလုပ်သူ ၆၃ ဦး၊ ၃(က)ဖြင့် ပြုလုပ်သူ ၄၂၅ ဦး၊ ၆(က) ဖြင့်ပြုလုပ်သူ ၇၇၄ ဦး၊ လဲလှယ်သူ ၃၆၆ ဦး၊ မိတ္တူ ၅၂၀ စုစုပေါင်း ၂၁၄၉ ဦးအား ပြုလုပ်ပေးပြီးပြီဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးတင့်ထံမှ သိရသည်။

 

သင်းသင်းမြတ်