နတ်မောက်၊  ၁၂   ဇန်နဝါရီ 

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အင်ကြင်းတောင်ဆရာတော် ဦးကဝိဓဇ၏ ဦးဆောင်မှုဖြင့် ပန်းညို-ကန်လေးကုန်း-မြင်းတဲကြီး ကျေးရွာချင်းဆက် မြေသားလမ်း အကျယ် ပေ ၂၀၊ အရှည် ၃ မိုင်ခန့်ကို ကျေးရွာပြည်သူများနှင့် အဝေးရောက်အလှူရှင်များ၏ ထည့်ဝင်ငွေကျပ် ၂၉၇၁၀ဝဝ ဖြင့် လည်းကောင်း၊ မြင်းတဲကြီး-ဗွက်ကျင်း-ဒီးဒုတ်ခင် ကျေးရွာချင်းဆက် မြေသားလမ်း အကျယ် ပေ ၂၀၊ အရှည် ၃ မိုင်ခန့်ကို ကျေးရွာပြည်သူများနှင့် အဝေးရောက် အလှူရှင်များ၏ ထည့်ဝင်ငွေ ကျပ် ၃၁၈၀ဝ၀ဝ ဖြင့်လည်းကောင်း ဖောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

mdn

 

ဦးဇင်းတို့ အခုလို ကိုယ့်အားကိုယ်ကိုး ကျေးရွာချင်းဆက်မြေသားလမ်းဖောက်တာက ကိုယ့်ဒေသ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာရေးအတွက် ဖောက်လုပ်ခဲ့တာပါ။ ဦးဇင်းတို့ ပန်းညို၊ မြင်းတဲကြီး၊ ဒီးဒုတ်ခင် ဆိုတဲ့ ရွာတွေက တစ်ရွာနဲ့တစ်ရွာ နွားလှည်းလမ်းကိုပဲ အသုံးပြုပြီးသွားရတာပါ။ ညီညာတဲ့မြေသားရှိသလို ရိုးတွေ၊ ချောက်တွေကို ဖြတ်ဆင်းဖြတ်တက်သွားရတာလည်းရှိတော့  အရေးပေါ်ကျန်းမာရေးကိစ္စအပါအဝင် လူမှုရေး၊ ပညာရေးကိစ္စတွေအတွက် အဆင်ပြေသလို သွားနေကြရတာဖြစ်နေလို့ ဦးဇင်း ဦးဆောင်ပြီး ဒီမြေသားလမ်းတွေဖောက်ရတာပါ ဟု အင်ကြင်းတောင်  ဆရာတော် ဦးကဝိဓဇက မိန့်ကြားပြောပြသည်။

 

မူမူစန်း(နတ်မောက်)