နတ်မောက် ၊ ၂၇  ဇန်နဝါရီ    

မကွေးတိုင်းဒေသကြီး  နတ်မောက်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား မြို့နယ် ပြည်သူ့ ဆေးရုံ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၁ နာရီမှစတင်၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးများကို ပထမအကြိမ် စတင်ထိုးနှံပေးသည်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာတွင် နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဝင်းစည်သူ ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိရာ မြို့နယ်ကျန်းမာရေး ဦးစီးဌာန မှ ၂၅၇ ဦး၊ တိုင်းရင်းဆေး ပညာဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်း နှစ်ဦး၊  အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်း လေးဦး စုစုပေါင်း ၂၆၃ ဦးတို့အား နှစ်ရက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ၂၉ လုံး ရရှိပြီး တစ်လုံးလျှင်  ၁၀  ဦး ထိုးနှံနိုင်ကြောင်း သိရသည်။

မူမူစန်း(နတ်မောက်)