နတ်မောက်  နိုဝင်ဘာ  ၂၂

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူများလိုက်နာရမည့် အချက်များအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၉ နာရီခန့်က ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် အများပြည်သူများအနေဖြင့် အတက်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာနေထိုင် ကြရန် ပြင်ပမှလာသောဧည့်သည်များကို လက်မခံကြရန် ၊ အပြင်သို့ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားရန် လူစုလူဝေးရှောင်ကြဉ်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များကို အလေးထားလိုက်နာကြရန်၊ ကာကွယ်ဆေးထိုးနှံခြင်းကိုလည်း အကြိမ်ပြည့်ထိုးနှံကြရန်၊ ကာကွယ်ဆေး ထိုးနှံပြီးသော်လည်း ကာကွယ်ရေးနည်းလမ်းများကို ဆက်လက်လိုက်နာကြရန် စသည့်အချက်များကို  Hand Speaker ဖြင့် မြို့ပေါ်ရှိ လူစည်ကားသည့်နေရာများတွင် လိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

လှဝင်း

မြို့နယ် (ပြန်/ဆက်)