နတ်မောက်     ဖေဖော်ဝါရီ ၁၇

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က ပြည်သူ့စစ်မှုထမ်းဉပဒေ၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင်ရန်ကာလ စသည့်အကြောင်း အရာများကို ရှင်းလင်းပြောကြားခြင်းနှင့် မြို့နယ် ဉပဒေအရာရှိ ဦးငြိမ်းချမ်းထွန်းက ပြည်သူ့စစ်မှုထမ်း ဉပဒေနှင့်ပတ်သက်သည့် ဉပ‌ဒေပါအဓိပ္ပာယ်ဖော်ပြချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည့်အကြောင်းအရာများကို မေးမြန်းခဲ့ရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။      

 

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဉက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း(ပြန်/ဆက်)