နတ်မောက် ဇူလိုင် ၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များကို ယနေ့ မွန်းလွဲ ၁ နာရီက အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးနှင့် မြို့နယ်မီးသတ်ဦးစီးဌာနသို့ ဝန်ထမ်းများက သွားရောက်ငှားရမ်းပေးကြောင်း သိရသည်။
စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဖြင့် စာဖတ်သည့် အလေ့ကျင့်ကောင်းများ ပိုမိုကောင်းမွန်လာစေရန်၊ စာဖတ်ရှိန် ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်နှင့် အလုပ်တာဝန်များ မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက် သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း မြို့နယ် ပြန်/ဆက် ဦးစီးအရာရှိက ပြောကြားသည်။
နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်များသို့ နှစ်ပတ်လျှင် (၁)ကြိမ် စာအုပ်စာစောင်များ လှဲလှယ်၍ ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ဖြိုးဖြိုး