နတ်မောက် ဧပြီ ၅
၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ကို မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ဧပြီ ၅ ရက် နံနက်ပိုင်းက ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုခဲ့ကြောင်းသိရသည်။
ဖြေဆိုမှုအနေဖြင့် နတ်မောက်မြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ဖြေဆိုသည့် ကျောင်းသား ကျောင်းသူ စာရင်းရှိ ၄၇၇ ဦး၊ ဖြေဆိုသည့် ကျောင်းသား ၁၃၇ ဦးနှင့် ကျောင်းသူ ၂၃၅ ဦး စုစုပေါင်း ၃၇၂ ဦးရှိရာ ပျက်ကွက်သူ ၁၀၅ ဦးရှိပြီး ဖြေဆိုမှုရာခိုင်နှုန်းမှာ ၇၇ ဒသမ ၉၉ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
လှဝင်း