နတ်မောက် နိုဝင်ဘာ  ၁၆

 

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ နိုဝင်ဘာလအတွင်း မိုးရွာသွန်းမှုများကြောင့် နတ်မောက် ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှုများသဖြင့် တမံရေပိုလွှဲမှ  ယနေ့ နံနက် ၆ နာရီတိုင်းထွာချက်အရ (၀.၉)ပေခန့် ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံထံက သိရသည်။

 

 

နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် နိုဝင်ဘာ ၁၅ ရက်တွင် တမံရေပြည့်အမှတ်  (၆၈၃)ပေ၊ လက်ရှိရေအမှတ်  (၆၈၄)ပေရှိ၍ (၁)ပေခန့်ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့နံနက် ၆ နာရီတိုင်းထွာချက်အရ လက်ရှိရေအမှတ်(၆၈၃.၉)ပေရှိပြီး (၀.၉)ပေခန့် ရေပိုလွှဲမှရေကျော်ကျကြောင်း သိရသည်။

 

 

နတ်မောက်ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျမှုများ လျော့နည်းလာသော်လည်း တမံအတွင်း ရေဝင်ရောက်မှုအခြေအနေနှင့် တမံရေပိုလွှဲမှရေကျော်ကျမှု အခြေအနေများကို တာဝန်ရှိသူများမှ ရေကင်း ဂျူတီချကာ (၂၄)နာရီပတ်လုံး စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံ ဦးထိန်လင်းထံမှ သိရသည်။

 

 

သင်းသင်းဝေ(နတ်မောက်)