နတ်မောက်၊ ၈ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်ရှိ နယ်မြေမီးသတ်စခန်းများ ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးဌေးမော်နှင့် တာဝန်ရှိသူများက ကွင်းဆင်းဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဌေးမော်နှင့် တာဝန်ရှိသူများက နယ်မြေမီးသတ်စခန်းရှိ မီးသတ်ယာဉ်စက်များ၏ ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ စခန်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန် နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထုတ်ပြန် ထားရှိသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်စေရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့ပြင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပွင့်လင်းရာသီဖြစ်သည့်အတွက် မိမိနယ်မြေအတွင်း မီးဘေးအန္တရာယ် ကင်းရှင်းစေရေး အလေးထား လိုက်နာဆောင်ရွက်ကြရန်တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သင်းသင်းဝေ(နတ်မောက်)


