နတ်မောက် မေ ၂၄
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဌာနဆိုင်ရာ ရုံးများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို မေ ၂၃ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ငှားရမ်းပေးခဲ့ကြသည်။
ထိုသို့ စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် စာအုပ်စာစောင် ငှားရမ်းသူ(၁၃)ဦးအား စာအုပ်ပေါင်း (၂၆) အုပ်ကို နှစ်ပတ်ကြာအထိ ဖတ်ရှုနိုင်ရမ်ငှားရမ်းပေးခဲ့သည်။ ထို့ပြင် ကျန်ဌာနဆိုင်ရာရုံးများကိုလည်း နေ့စဉ် အလှည့်ကျစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း(ပြန်/ဆက်)