mdn

နတ်မောက်        သြဂုတ်  ၁၆                                                                         
                
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်ရပ်ကွက်/ကျေးရွာများရှိအနံ့ပျောက်ဝေဒနာခံစားရသူ ပြည်သူများက ယနေ့နံနက် ၁၁နာရီအချိန်ပိုင်းတွင် နတ်မောက်မြို့ ပြည်သူ့ဆေးရုံကြီးသို့ကိုဗစ်-၁၉ပိုး လာရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။                                        

ထိုသို့ ကိုဗစ်-၁၉ ပိုးစစ်ဆေးရာတွင် ရပ်ကွက်/ကျေးရွာများရှိ အနံ့ပျောက်ဝေဒနာခံစားရသူ  ( ၃၀ ) တို့အား စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ပိုးတွေ့ရှိသူ ( ၃ )ဦးတို့ကို မြို့ပေါ်ရှိပြည်သူ့ဆေးရုံကြီးနှင့်      ကိုဗစ်-၁၉ကာကွယ်၊ကုသရေး စင်တာများသို့ ထားရှိပြီး အထူးကြပ်မတ်ကာ မြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်ဒေါက်တာမောင်မောင်ချင်းနှင့်အဖွဲ့တို့ကဆေးကုသပေးလျက်ရှိကြောင်းသိရသည်။ 

ဝင်းမေထွန်း(နတ်မောက်)