နတ်မောက်  စက်တင်ဘာ   ၂၃

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာများနှင့် အရေးပေါ်လူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်နိုင်ရန် နတ်မောက်မြို့နယ်အတွင်းရှိ ရပ်မိ/ရပ်ဖများ ဦးဆောင်ကြီးကြပ်၍ ရပ်နီး/ရပ်ဝေးမှ အလှူရှင်များစုပေါင်းလှူဒါန်းမှုဖြင့် 30M3/hr Oxygen Generation Plant အမျိုးအစားအောက်ဆီဂျင်စက်အား ယမန်နေ့ ညနေ(4)နာရီခန့်က နတ်မောက်မြို့ အောက်ဆီဂျက်စက်ရုံ တည်ဆောက်မည့်နေရာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။

 

၄င်းအောက်ဆီဂျင်စက်မှ တစ်နာရီလျှင် (၄၀)လီတာအသုံးပြုနိုင်သည့် အောက်ဆီဂျင်အိုး (၅)အိုးထွက်ရှိမည် ဖြစ်ပြီး တစ်နေ့လျှင်(၄၀)လီတာအသုံးပြုနိုင်သည့် အောက်ဆီဂျင်အိုး အလုံးရေ(၂၀၀)အိုးထွက်ရှိမည်ဖြစ်ပြီး အောက်ဆီဂျင်စက် လည်ပတ်နိုင်ရေးအတွက် 160KVA ထရန်စဖော်မာနှင့် တွဲဖက်ဆောင်ရွက်၍ စက်တင်ဘာလကုန်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကာ မြို့နယ်အတွင်းရှိ မိဘပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်အောက်ဆီဂျင် လိုအပ်မှုကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

                                                                                                                         သင်းသင်းမြတ်(ပြန်/ဆက်)