နတ်မောက်  မေ  ၂၀

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာ ယဉ်ကျေးမှု အဆို၊ အက ၊ အရေး ၊ အတီး ဝင်ရောက်ယှဉ်ပြိုင်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က    အဆို၊အက၊အရေး၊အတီးပြိုင်ပွဲတွင် ပြိုင်ပွဲအဆင့်များအနေဖြင့် ဝါသနာရှင်(ပထမတန်း)အဆင့်၊ ဝါသနာရှင် (ဒုတိယတန်း)အဆင့်၊ အဆင့်မြင့် ပညာအဆင့်၊ အခြေခံပညာ(အသက်၁၅-နှစ်ပြည့်မှ ၂၀-နှစ်အတွင်း) အဆင့်၊ အခြေခံပညာအသက်(၁၀-နှစ် ပြည့်မှ ၁၅-နှစ်အတွင်း)အဆင့်တို့တွင်  နတ်မောက်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရန် ပညာရှင်အဆင့်နှင့် မျိုးဆက်သစ်အမည်စာရင်းများလျာထားရန် ၊ အခြေခံပညာ ကျောင်းများမှပြိုင်ပွဲဝင်မည့် ကျောင်းသား/သူများ ရွေးချယ်ပေးပို့နိုင်ရန်စသည့်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီးတက်ရောက်လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်သဘင်  ပညာရှင်များကလည်းအကြံပြုဆွေးနွေးခဲ့ကြောင်းသိရသည်။

လှဝင်း