နတ်မောက် သြဂုတ် ၁၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် အိမ်သုံးဆေးဆိုင်များနေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချနိုင်ရေး၊ ဆေးဝါးများသာမန်အချိန် ရောင်းချသည့်ဈေးနှုန်းထက်ပို၍ အဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေး၊ ဈေးကွက်လိုအပ် ချက် ဆေးဝါးများသိရှိနိုင်ရေးအတွက် ဩဂုတ် ၁၈ ရက်က မိဘမေတ္တာဆေးဆိုင်၊ ဇီဝကဆေးဆိုင်နှင့် ဟိဏ်း ဆေးဆိုင် များသို့ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ကာလအတွင်း သတ်မှတ်စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖွင့်လှစ်ရောင်းချ နိုင်ရေး၊ ပြည်သူများအနေဖြင့် ဆေးဝါးများနှင့်ကျန်းမာရေး အထောက်အကူပြုပစ္စည်းများအား ဝယ်ယူသုံးစွဲရာတွင် အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းမှန်ကန်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးနှင့် ဆေးဝါးများ ပြတ်လပ်မှု မရှိစေရေး၊ တစ်ပတ်အတွင်း ရောင်းချသည့် ပမာဏထက်ပို၍ သိုလှောင်ထားခြင်း ရှိ/မရှိ၊ ဆေးဝါးရောင်းချသည့် ဆေးဆိုင်များသို့ လိုက်လံကြည်ရှု ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
သင်းသင်းမြတ် (နတ်မောက်)


