နတ်မောက်  နိုဝင်ဘာ    ၅                                                                                                                               

 

မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်အတွင်းရှိိ အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက် တန်းကျောင်း  စုစုပေါင်း (၂၀၆) ကျောင်းဖွင့်လှစ်ပြီး   ကျောင်းသား၊  ကျောင်းသူများ  အေးချမ်းစွာပညာ သင်ကြားလျက်ရှိရာ   ယနေ့နံနက်(၉)နာရီအချိန်ခန့်က ပိတောက်ငုတ်(ရွာလေး) အခြေခံပညာ အလယ်တန်း ကျောင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ၊ ဒုမြို့နယ်ပညာရေးမှူးနှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး  ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းကြည့်ရှုခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ၊ ဒုမြို့နယ်ပညာရေးမှူးနှင့် အဖွဲ့ဝင်များ က ကျောင်းသား၊  ကျောင်းသူများအတွက်  နှာခေါင်းစည်း(Mask)(၅)ဘူး နှင့် ဟန်းဂျယ် ( ၂  )ဘူး တို့ကို ပိတောက်ငုတ်(ရွာလေး) အခြေခံပညာအလယ်တန်းကျောင်းရှိ ဆရာ၊ ဆရာမများထံသို့ ပေးအပ်ခဲ့သည်။

 

နတ်မောက်မြို့နယ် ပိတောက်ငုတ်(ရွာလေး) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ  တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း( Mask)များ တပ်ဆင်စေခြင်း၊  ကျောင်းအတွင်းဝင် လျှင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း ၊ လက်ဆေးခြင်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆရာ၊ ဆရာမများက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိပြီး   ကျောင်းသား၊   ကျောင်းသူများမှလည်း  အေးချမ်းစွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

 

လှဝင်း( နတ်မောက်)