နတ်မောက်၊   ၅   ဇန်နဝါရီ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင်    ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့်  ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား    ဇန်နဝါရီ  ၄  ရက် နံနက်ပိုင်းက   ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင်  မကွေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းကိုကိုနှင့် တာဝန်ရှိသူများက နတ်မောက် ရေလွှဲဆည်၊ ရေလှောင်တမံကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်းသိရသည်။

သင်းသင်းဝေ(နတ်မောက်)