mdn

နတ်မောက်   ဩဂုတ်  ၂၃                                        

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကျောက်တံခါးရေလှောင်တမံနှင့် နတ်မောက်ရေလှောင်တမံ တို့မှ ဆည်ရေများပေးဝေနေပြီဖြစ်၍ မိုးစပါးများစတင်စိုက်ပျိုးလျက်ရှိသည်။                


နတ်မောက်မြို့နယ်တွင် ယခု ၂၀၂၁-၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ကျောက်တံခါးရေလှောင်တမံမှ ကျေးရွာအုပ်စု(၈)အုပ်စုရှိ မိုးစပါးစိုက်ဧက (၁၉၅၅)ဧက၊ နတ်မောက်ရေလှောင်တမံမှ ကျေးရွာအုပ်စု (၆)အုပ်စုရှိ မိုးစပါးစိုက်ဧက ( ၄၂၅) ဧကလျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


ယခုနှစ်တွင်လည်း မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများက မိုးသီးနှံစိုက်ပျိုးရာသီတွင် သတ်မှတ်လျာထား ဧကပြည့်မီရေးအတွက် ကောက်စိုက်အလုပ်သမားများငှားရမ်း၍ အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း သိရပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း သီးနှံအထွက်နှုန်းတိုးပွားစေရေး  အတွက် လိုအပ်သောစိုက်ပျိုးနည်းစနစ်များ ထောက်ပံ့ကူညီပေးခြင်း၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရေး    ဆောင်ရွက်ရန်နည်းလမ်းများအား အသိပညာပေးခြင်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်မြင့်မြင့်ချို၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

သင်းသင်းမြတ် (နတ်မောက်)