နတ်မောက် ၁၅ အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးတွင် UNESCO မှပေးပို့လာသော COVID-19 ရောဂါဖြစ်ပွားမှု နှင့်ပတ်သက်သည့်အသိပညာပေး ရုပ်ပုံများပြသခြင်းကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ပြသရာတွင် COVID-19ရောဂါဆိုင်ရာ အသိပညာပေးရုပ်ပုံများနှင့် ဆောင်ရန်ရှောင်ရန်များ၊ မီဒီယာနှင့် သတင်းအချက်အလက်များ၊ လူမှုမီဒီယာပေါ်တွင်ဘေးကင်းလုံခြုံမှု အကြောင်းဆွေးနွေးရာ၌ ဆောင်ရန်ရှောင်ရန်များ၊ သတင်းခွဲခြမ်းစိတ်ဖြာမှုနှင့် ထင်မြင်ယူဆချက်များ၊ သိရှိနားလည်မှုရှိသော မိဘ အုပ်ထိန်းမှုအတတ်ပညာနှင့်  ကျန်းမာရေး   ဆိုင်ရာနည်းလမ်းများ၊ စကားအသုံးအနှုန်းပိုင်းကို သတိထား ကြည့်ရှုပါ၊ ပုံရိပ်ရောင်နည်းပညာသွားရောက်လေ့လာရာဝယ်၊ ကလေးများနှင့်အတူ ရုပ်ရှင်ကြည့်ပါ၊ ကလေးများနှင့်အတူ သတင်းကြည့်ရာဝယ် စသည့်အသိပညာပေးကြောင်းအရာမျိုးစုံကို ပြည်သူများကြည့်ရှုလေ့လာနိုင်စေရန် ပြသထားခြင်းဖြစ်ကြောင်းနှင့် အဆိုပါအသိပညာပေး အကြောင်းအရာများကို အများပြည်သူအသိ ပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ပြသထားခြင်းဖြစ်ကြောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

 

သင်းသင်းဝေ(နတ်မောက်)

 

mdn