နတ်မောက် ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၅၄ ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဇူလိုင် ၄ ရက် နံနက်က လာရောက်စစ်ဆေးသူ ၂၉ ဦးအနက် နတ်မောက်မြို့နယ် အောင်ဆန်းရပ်ကွက်မှ ၃ ဦး၊ မြို့မရပ်ကွက်မှ ၃ ဦး၊ ဈေးသာကျေးရွာမှ (၁)ဦး၊ န-ကျားထူးကျေးရွာမှ (၁) ဦး၊ လက်ပံတုန်းကျေးရွာမှ (၁)ဦး၊ သစ်ရာကိုင်း ကျေးရွာမှ(၁)ဦး စုစုပေါင်း ၁၀ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ လူနာ ယနေ့အထိ (၅၄)ဦးရှိပြီး ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံတွင် (၃၆)ဦး၊ Covid Centre (2)တွင် (၁၈)ဦး ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။
လှဝင်း


