နတ်မောက် ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၁၄၁ ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ဇူလိုင် (၁၁) ရက်နေ့ နံနက်ပိုင်းက လာရောက်စစ်ဆေးသူ (၃၅) ဦးအနက် နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာမှ (၁)ဦး၊ လဲဘူးကျေးရွာမှ (၃)ဦး၊ ကံသာကျေးရွာမှ (၂)ဦး၊ ဈေးရပ်ကွက်မှ (၁)ဦး၊ ဇလုပ်ကြီးကျေးရွာမှ (၁)ဦး၊ ရန်အောင်မြင်ကျေးရွာမှ (၂)ဦး၊ အောင်ဆန်းရပ်ကွက်မှ (၃)ဦး စုစုပေါင်း(၁၃)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး (Positive) တွေ့ရှိခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ယနေ့အထိ (၁၄၁) ဦးရှိပြီး ဆေးရုံမှဆင်း ခွင့်ရရှိသူ ၂၄ ဦးအား မိမိနေအိမ်၌ (Home Quarantine) (၇)ရက်နေထိုင်ရမည်ဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မှာကြားခဲ့ကြောင်း သိရသည်။ ကျန်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄ ဦးတို့အား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ထားရှိပြီး Covid Centre (၂)တွင် ၉၃ ဦး ထားရှိကြောင်း သိရသည်။
သင်းသင်းဝေ (နတ်မောက်)


