နတ်မောက်    ဇူလိုင်    ၁၆

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ  ၂၂၄  ဦးရှိပြီ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

ဇူလိုင်  ၁၅  ရက် နံနက်ပိုင်းက  နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ အတည်ပြုလူနာ အသစ် ၁၁ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

 

နတ်မောက်မြို့နယ်တွင် ယနေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၂၂၄  ဦးရှိပြီး  ဆေးရုံမှဆင်းခွင့်ရရှိသူ ၇၃ ဦးအား မိမိနေအိမ်၌ Home Quarantine  (၇)ရက် နေထိုင်ရမည်ဖြစ်ကြောင်း၊  ကျန်ရှိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၇   ဦးတို့အား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ထားရှိပြီး Covid Centre (2)တွင်  ၁၂၄   ဦး ထားရှိကြောင်း သိရသည်။ 

 

သင်းသင်းဝေ(နတ်မောက်)