နတ်မောက် ၂၁ စက်တင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် အသိပညာပေးလုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် မြို့နယ်စိတ်ဓာတ်ဖြူစင် ကရုဏာရှင် လူမှုကူညီမှုအသင်းတို့ပူးပေါင်း၍ ယမန်နေ့ နံနက် ၇ နာရီခန့်က ဖက်သန်းတောင်၊ ရွှေပန်းတော၊ ဈေးကုန်း၊ စရံအိုင့်၊ ပင်း၊ ကန်ကြီးကုန်း၊ ရွာသစ်၊ မျက်ရဲကန်၊ ညောင်ပေါက်၊ ရွာမွန်၊ ပ-ကျားထူး၊ လေးအိမ်၊ ကျွဲမင်းကျ၊ ဈေးသာ ကျေးရွာများသို့ သွားရောက်၍ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ပြည်သူသို့ အသိပေးပန်ကြားချက်များ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို မိမိကစ၍ကာကွယ်ပါ အဓိက သတင်းစကား (၁၀)ချက်၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ ပြည်သူများ သိရှိလိုက်နာစေရန် ရပ်ကွက်/ကျေးရွာများအရောက် လှည့်လည်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိသော ရပ်ကွက်/ ကျေးရွာများတွင်လည်း အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိတ်ဓာတ်ဖြူစင် ကရုဏာရှင်လူမှုကူညီရေးအသင်း အတွင်းရေးမှူး ဦးမျိုးခိုင် ပြောကြားချက်အရ သိရသည်။

 

ဥမ္မာခင် (နတ်မောက်)