နတ်မောက်   ဇူလိုင် ၂၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ အသိပညာပေးအကြောင်းအရာများ အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်ခန့်က မြို့ပေါ်()ရပ်ကွက်သို့ လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မိမိတို့နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါဆိုးကြီးသည် လျင်မြန်စွာ ကူးစက်ပျံ့ပွားမှုဖြစ်နေသဖြင့် လူအများ ဒုက္ခဆင်းရဲဖြစ်ကြပြီး သေဆုံးမှု မြင့်မားလျက်ရှိပါသည်။ ထိုသို့ ကူးစက်ဖြစ်ပွားနေမှုကို လျော့နည်းစေပြီး ထိရောက်စွာ ကုသထိန်းချုပ်နိုင်ရန် အလွန်အရေးကြီးနေပြီး ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ ဒီရောဂါဆိုးကြီးကို လျင်မြန်စွာ အချိန်တိုအတွင်း ကာကွယ်နိုင်မှာဖြစ်ပါတယ် စသည်ဖြင့် မိဘပြည်သူများအား အသိပညာပန်ကြားလွှာများကို အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ပါသည်။      

ထို့ပြင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေး ဥပဒေ ပုဒ်မ(၂၁) ပုဒ်ခွဲ()ပါ လုပ်ပိုင်ခွင့်အရ နတ်မောက်မြို့နယ်ကို ဇူလိုင်(၂၁)ရက်နေ့ နံနက်()နာရီ အချိန်မှစ၍ Stay at Home  အဖြစ် သတ်မှတ်ကြေငြာလိုက်ပြီး၊ စည်းကမ်းချက်များ လိုက်နာဆောင်ရွက်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်ပြန်/ဆက်ရုံးဝန်ထမ်းများက အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်းသင်းဝေ ( နတ်မောက်)

2