နတ်မောက် နိုဝင်ဘာ  ၂

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်တွင် မိုးစပါး  ၂၁၅၀၃ ဧက စိုက်ပျိုးပြီးစီး၍ လျာထား ဧကထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးပြီးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် ၂၀၂၀- ၂၀၂၁ ခုနှစ် မိုးစပါးစိုက်ပျိုးရန် လျာထားဧက ၁၆၅၀၈ ဧက လျာထားခဲ့သော် လည်း လျက်ရှိမြေပြင်တွင် ၂၁၅၀၃ ဧက  စိုက်ပျိုးနိုင်ခဲ့ပြီး လျာထားဧကထက် ၄၉၉၅ ဧက ကျော်လွန်စိုက်ပျိုး နိုင်ခဲ့သည်။

ထိုသို့စိုက်ပျိုးရာတွင် စပါးမျိုးများဖြစ်သည့် မနောသုခ၊ စင်းသုခ၊ ဧရာမင်း၊ ယာ-၂၊ ရတနာတိုး စပါးမျိုးများကို အစိုးရဆည်ရေသောက် ၂၆၃၁ ဧက၊ ဆည်ငယ်၊ ကန်ငယ်သောက် ၂၂၃၄ ဧက၊ မိုးကောင်းသောက် ၁၆၆၃၈ဧက စုစုပေါင်း ၂၁၅၀၃ ဧက စိုက်ပျိုးခဲ့သည်။ 

အဆိုပါမိုးစပါးများကို နတ်မောက်မြို့နယ်တွင် ဇူလိုင်လဆန်းပိုင်းမှာစတင်စိုက်ပျိုးပြီး နိုဝင်ဘာလ နောက်ဆုံး ပတ်တွင် စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ 

သင်းသင်းမြတ်(မြို့နယ် ပြန်/ဆက်)